မိတ်ဆွေတို့၏ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုများကို Search Engine ရှိသည့် မည်သည့် Browser တွင်မဆို နာမည်ရိုက်ရှာရုံဖြင့် တွေ့နိုင်စေရန် ဝန်ဆောင်မှုပေးခြင်းဖြစ်ပါသည်။ ကျွန်တော် Myanmar Business Zone သည် ကြော်ငြာဝန်ဆောင်မှုမှ မြန်မာနိုင်ငံရှိ SME လုပ်ငန်းများ ကျွန်တော်တို့၏ Website ပေါ်တွင် ဈေးတင်ရောင်းနိုင်ရန် အတွက်ကြိုးစားနေစဉ် ကာလ ဖြစ်သောကြောင့် E-commerce စစ်စစ်တော့ မဟုတ်သေးပေ။ သို့ရာတွင် မိတ်ဆွေတို့၏ လုပ်ငန်းများစွာကို တင်ရောင်းခြင်းအတွက် အကျိုးနည်းခြင်းမရှိလှပေ။ အဘယ်ကြောင့်ဆိုသော် လက်ရှိကျွန်တော်တို့၏ ရည်ရွယ်ချက်သည် ကျွန်တော်တို့၏ Facebook Page အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်း အတွေ့အကြုံချင်း၊ လုပ်ငန်းချင်း၊ ကုန်ပစ္စည်းချင်း၊ အကြံဉာဏ်ချင်း အပြန်အလှန် ဆွေးနွေးနိုင်စေရန် Group ဖွဲ့၍ Live Group Chat လေးများ ပြုလုပ်ပေးချင်းဖြင့် မိတ်ဆွေတို့၏ လုပ်ငန်းများအတွက် တစ်နည်းတစ်ဖုံ အထောက်အကူဖြစ်စေ လိမ့်မည်ဟု မျှော်လင့်မိပါသည်။
Website တွင် ကြော်ငြာခြင်း
ကျွန်တော်တို့၏ Myanmar Business Zone Website သည် မိတ်ဆွေတို့၏ စီးပွားရေးလုပ်ငန်းပေါင်းများစွာကို တစ်နေရာတည်းမှာ ရှာဖွေတွေ့ရှိနိုင်အောင် ကြော်ငြာပေးထားခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ Website ၏ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအတွင်းရှိ SME လုပ်ငန်းများအားလုံးကို ဘာလုပ်ငန်းအမျိုးအစားတွေရှိတယ်၊ ဘယ်အချိန်တွေဖွင့်တယ်၊ ဘယ်နေရာမှာတည်ရှိတယ်၊ ဘယ်လမ်းကြောင်းကသွားရတယ်၊ ဘယ်လို ဆက်သွယ်လိုရမယ်၊ လိုင်းပေါ်က ဘယ်လို ဝယ်လို့ရမယ် ဆိုတာတွေကို မိတ်ဆွေတို့၏ ဆိုင်းဘုတ်လေးကို နှိပ်လိုက်ရုံဖြင့် သိနိုင်အောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။
Business Site (Google My Business)
Google My Business ဆိုတာ စီးပွားရေးလုပ်ငန်းများအတွက် Google က Free အနေနှင့် ပေးထားသော Business Site လေးတစ်ခုဖြစ်ပါတယ်။ Google My Business ဖွင့်ရန် Email တစ်ခုသာ လိုအပ်ပါသည်။ Google My Business ဖွင့်လိုက်ခြင်းဖြင့် မိတ်ဆွေ၏လုပ်ငန်း များကို ဘယ်လိုလုပ်ငန်းအမျိုးအစား၊ ဘာရောင်းတယ်၊ ဘယ်နေရာမှာတည်ရှိတယ်၊ ဘယ်လမ်းကြောင်းကသွားရတယ်၊ ဘယ်အချိန်တွေ ဖွင့်တယ်၊ ဘယ်လိုဆက်သွယ်လို့ရမယ်၊ ဆိုတာတွေကို ထည့်သွင်းကြော်ငြာထားလို့ရမှာဖြစ်ပါတယ်။ ထို့ပြင် Google Map ပေါ်တွင် မိတ်ဆွေ၏ လုပ်ငန်းတည်နေရာ ကို မိတ်ဆွေထည့်သွင်းထားသည့် အချက်အလက်အပြည့်အစုံဖြင့် ဖေါ်ပြနေသော Drop Pin လေးပေါ်နေမှာဖြစ်ပါတယ်။
Facebook Page တွင် ကြော်ငြာခြင်း
မြန်မာနိုင်ငံ အနေဖြင့် ပထမလူသုံးအများဆုံး Social Media ကတော့ Facebook ပဲဖြစ်ပါတယ်။ Facebook Page ဆိုတာကတော့ မိတ်ဆွေတို့၏ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုများကို Customer များနှင့် ချိတ်ဆက်ပေးတဲ့ Facebook ရဲ့ သီးသန့်နေရာလေး တစ်ခုပဲ ဖြစ်ပါတယ်။ Page ထောင်ရတာ လွယ်ကူပေမယ့် မိတ်ဆွေ၏ Page ကို လူတွေလာအောင် Page Like များများရအောင် ဘယ်လိုလုပ်ရမလဲ၊ မိမိ တင်လိုက်တဲ့ Post တစ်ခု Engagement ရအောင် ဘယ်လိုလုပ်မလဲ၊ မိမိကြော်ငြာလိုက်တဲ့ Post တစ်ခုကို Customer တွေ၏ စိတ်ဝင်စား ကြည့်ရှု့မှုတွေရအောင် ဘယ်လိုလုပ်မလဲ၊ Content ဘယ်လိုရေးမလဲ၊ Target ဘယ်သူတွေကို ထားမလဲ၊ စတဲ့ မေးခွန်းပေါင်းများစွာ ကို မိတ်ဆွေခေါင်းရှုပ်စရာမလိုအောင် ဝန်ဆောင်မှုပေးနေတာပဲ ဖြစ်ပါတယ်။ (Facebook Page ထောင်ချင်သူများအတွက် Facebook Page ဖွင့် ခြင်း၊ ရှိပြီးသား မိတ်ဆွေ များ အတွက် Page Like ဝန်ဆောင်မှု၊ Post Engagement ဝန်ဆောင်မှု၊ Post တင်နည်းအမျိုးမျိုုး သင်ပေးထားသော Video များ ဝန်ဆောင်မှု ပေးခြင်း စသည်များကို ဝန်ဆောင်မှု ပေးနေပါသည်။ )
Slide Show Video
မိတ်ဆွေ၏ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုရဲ့ ဓာတ်ပုံလေးများကို စုစည်း၍ Customer များကို ပိုမို စိတ်ဝင်စားစေရန် ဖန်တီးပေးခြင်းပဲ ဖြစ်ပါတယ်။ သာမန် Photo များကို တစ်ပုံခြင်း ကြော်ငြာ Post တင်ခြင်းထက် ပိုမိုထိရောက်မှုရှိစေပါတယ်။ Content လှလှလေးများဖြင့် နောက်ခံတည်းလုံးလေးများဖြင့် Video လေးတစ်ခု အဖြစ်ဖန်တီးခြင်းဟာ ကြည့်ရှု့သူများအတွက် ပိုမို စိတ်ဝင်စားစေပါတယ်။
Video Editor
Video Slide Show ထက် Customer တွေရဲ့ စိတ်ဝင်စားမှုကို ပိုမို ဖမ်းစားနိုင်တာကတော့ Animation Video / Presentation Video ပုံစံဖြင့် နောက်ခံအသံဖြင့် ရှင်းပြထားသော Video များပဲဖြစ်ပါတယ်။ ထိုထဲတွင် မိတ်ဆွေ၏ လုပ်ငန်းကို ရိုက်ကူးထားတဲ့ Video အတိုလေးများကို Edit ပြုလုပ်ခြင်းဖြင့် ပိုမိုပြည့်စုံစေပါသည်။
Youtube တွင် ကြော်ငြာခြင်း
မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး လူစိတ်ဝင်စားမှုရှိတဲ့ Media ကတော့ Youtube ပဲဖြစ်ပါတယ်။ Youtube တွင် နည်းလမ်းနှစ်မျိုး (သို့) နှစ်မျိုးထက်ပို၍ ကြော်ငြာနိုင်ပါသည်။ ဉပမာ Youtube Video ကို ကြော်ငြာပုံစံ ဖန်တီး၍ ကြော်ငြာနိုင်သလို Google AdSense ဖြင့် လဲ ကြော်ငြာနိုင်သည့် အပြင် အခြားနည်းလမ်းပေါင်းများစွာရှိနေပါသည်။ ထိုဝန်ဆောင်မှုများကို ပေးနေခြင်းဖြစ်ပါသည်။
Blogger Website ပြုလုပ်ပေးခြင်း
မိတ်ဆွေတို့၏ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှု များကို အသေးစိတ်ဖေါ်ပြရန် (သို့) ရောင်းချရန် အတွက် Website တစ်ခုရှိထားရန်လိုအပ်ပါသည်။ သို့ရာတွင် SME လုပ်ငန်းများအတွက် Website တစ်ခုပြုလုပ်ရန် အတွက် ငွေကြေးအမြောက်အများ အသုံးပြုချင်ကြမည်မဟုတ်ပေ။ သို့အတွက် Blogger သည် အသေးစားနှင့် အလတ်စားလုပ်ငန်းများ အတွက် Website တစ်ခုသဖွယ် ဖန်တီးရန် သင့်လျှော်ပြီး ငွေကုန်ကြေးကျ သက်သာစေပါသည်။ HTML / CSS များကို အသုံးပြု၍ ကြိုက်နှစ်သက်သလို ပြင်ဆင်နိုင်သည့် အပြင် Domain Name ဝယ်လိုက်ယုံဖြင့် Facebook ပေါ်တွင် ပြန်လည် ဖေါ်ပြနိုင်မှာဖြစ်ပါတယ်။
အထက်ပါအချက်အလက်များ အားလုံးသည် ကျွန်တော်တို့၏ Myanmar Business Zone မှ ဝန်ဆောင်မှုပေးသည်များ ဖြစ်ပါသည်။
Zawgyi Code
မဂၤလာပါ ခင္ဗ်ာ
Slide Show Video
Video Editor
0 Reviews